နောက်ခံသမိုင်း
၁။ ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၂ ခုနှစ်တွင် သတင်းနှင့်ဝါဒဖြန့်ချိရေးဌာနခွဲအဖြစ် ဖွင့်လှစ်ခဲ့သည်။ ယင်းဌာနခွဲကိုကိုလိုနီခေတ် ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ဆက်ဆံရေး ဌာနငယ်အဖြစ် ဖွဲ့စည်း ခဲ့ပါသည်။ ၁၉၄၆ ခုနှစ်တွင် ပြည်သူ့ဆက်ဆံရေးဌာနကို ပြန်ကြားရေးဝန်ကြီးဌာန လက်အောက် တွင် ထားရှိခဲ့ပါသည်။ ၁၉၄၇ ခုနစ်တွင် ပြန်ကြားရေးဌာနနှင့် အသံလွှင့်ဌာနဟူ၍ သီးခြားဖွဲ့စည်း ခဲ့ပါသည်။ ပြန်ကြားရေးဌာနလက်အောက်တွင် သတင်းဌာနခွဲ၊ ပြည်သူ့ဆက်ဆံရေးဌာနခွဲ၊ စာအုပ်စာတမ်း ထုတ်ဝေရေးဌာနခွဲ၊ ဓာတ်ပုံဌာနစိတ်၊ သုတေသနဌာနစိတ်၊ ဖြန့်ချိရေး ဌာနစိတ် ဟူ၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။
၂။ ၁၉၅၄ ခုနှစ်တွင် ရန်ကုန်စာဖတ်ခန်းနှင့် တွဲလျက် ကလေးစာဖတ်ခန်းကိုဖွင့်လှစ်ခဲ့ ပါသည်။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် ပြန်ကြားရေးဌာနခွဲရှိပြည်သူ့ ဆက်ဆံရေး အရာရှိများ၏ လုပ်ငန်းတာဝန်ကိုပြန်လည်သတ်မှတ်ပြီးခရိုင်နှင့် ခရိုင်ခွဲများတွင် ရုံးများ စနစ်တကျဖွဲ့စည်းကာ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ ခရိုင်ပြည်သူ့ ဆက်ဆံရေးအရာရှိနှင့် ခရိုင်ခွဲ လက်ထောက်ပြည်သူ့ဆက်ဆံရေး အရာရှိများသည် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ဆက်ဆံရေး နှင့်လက်တွဲ၍ နိုင်ငံတော်အစိုးရ၏ ဝါဒသဘောထားများ၊ ဆောင်ရွက်ချက် များ၊ ပြည်တွင်းငြိမ်ဝပ်ပိပြားရေး၊ ပြည်သူတို့၏စိတ်ဓာတ်တက်ကြွခိုင်မာရေး စသည့် ပြန်ကြားရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
၃။ ၁၉၆၀ ခုနစ် သန့်ရှင်းဖဆပလအစိုးရလက်ထက်တွင် ပြည်သူ့ဆက်ဆံရေးအရာရှိ ရာထူး များ၊ လက်ထောက်ပြည်သူ့ဆက်ဆံရေးအရာရှိရာထူးများကိုဖျက်သိမ်း၍ ခရိုင်နှင့်ခရိုင်ခွဲ များရှိ ပြန်ကြားရေးစာဖတ်ခန်းများအဖြစ် ပြောင်းလဲဖွင့်လှစ်ပြီး အောက်တန်းစာရေးများကို စာကြည့် ခန်းကြီးကြပ်ရန် တာဝန်ပေးအပ်ခဲ့ပါသည်။
၄။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် တော်လှန်ရေးကောင်စီ သတင်းစဉ်၊ သတင်းနှင့် စာပေစိစစ်ထောက်လှမ်းရေး၊ ရှေ့သို့(Forward) စာစောင် ထုတ်ဝေရေး၊ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့သည်။ ၁၉၆၂ ခုနှစ်မှ ၁၉၆၅ ခုနှစ်အတွင်းခရိုင်(၃၄)မြို့နှင့် ခရိုင်ခွဲ(၄၀) မြို့တို့တွင် ဖွင့်လှစ်ထား ရှိသောပြန်ကြားရေး စာဖတ် ခန်းများကိုစာကြည့်တိုက်များအဖြစ် တိုးမြှင့်ဖွင့်လှစ်ပြီးအောက်တန်းစာရေးများကို လက်ထောက် စာကြည့်တိုက်မှူးအဖြစ် လက်ရှိလစာ နှုန်းဖြင့် ဆက်လက်တာဝန်ပေးအပ်ခဲ့ပါသည်။
၅။ ၁၉၇၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှစ၍ ပြန်ကြားရေးဌာနခွဲနှင့် အသံလွှင့်ဌာနခွဲတို့ ပူးပေါင်း၍ ပြန်ကြားရေးနှင့်အသံလွှင့်ဦးစီးဌာနအဖြစ် ဖွဲ့စည်းကာကချင်၊ ကယား၊ ကရင်၊ ချင်းနှင့် ရှမ်းပြည်နယ်ရှိ ပြန်ကြားရေးနှင့်ဆက်သွယ်ရေးအရာရှိရုံးများနှင့် စာကြည့်တိုက်များကိုလည်း ပြန်ကြားရေး နှင့်အသံလွှင့်ဦးစီးဌာနလက်အောက်သို့ လွှဲပြောင်းထား ရှိခဲ့ပါသည်။ ယင်းတို့မှာ တိုင်းများရှိ ပြန်ကြားရေးစာကြည့်တိုက် (၇၄)ခုနှင့် ပြည်နယ်များရှိစာကြည့်တိုက် (၃၇)ခု၊ စုစုပေါင်း (၁၁၁)ခုတို့ ဖြစ်ပါသည်။
၆။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာနမှ ပြန်ကြားရေးဌာနခွဲကိုပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန အဖြစ် နိုင်ငံတော်၏ လိုအပ်ချက်အရအများပြည်သူအကျိုးအတွက် ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့၌ ခရိုင်အဆင့်တွင် ခရိုင်ရုံးများကိုလည်းကောင်း၊ မြို့နယ်အဆင့်တွင်မြို့နယ်များကို လည်းကောင်း တိုးချဲ့ဖွဲ့စည်းပေးခဲ့ပါ သည်။
၇။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဌာနခွဲ(၆)ခုရှိပါသည်။ ၎င်းတို့မှာ စီမံခန့်ခွဲရေးရာဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနခွဲ၊ ထုတ်လုပ်ရေးဌာနခွဲ၊ သုတေသနနှင့် သတင်းအချက်အလက်ဌာနခွဲ၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲနှင့် ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲတို့ ဖြစ်ပါသည်-
စီမံခန့်ခွဲရေးရာဌာနခွဲ
အဆိုပါဌာနခွဲ၏ လုပ်ဆောင်ချက်များမှာ
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲ
အဆိုပါဌာနခွဲ၏ လုပ်ဆောင်ချက်များမှာ
ထုတ်လုပ်ရေးဌာနခွဲ
အဆိုပါဌာနခွဲ၏ လုပ်ဆောင်ချက်များမှာ
သုတေသနနှင့် သတင်းအချက်အလက်ဌာနခွဲ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရအစည်းအဝေး ဆုံးဖြတ်ချက်အမှတ် (၃၃/၂၀၀၈)အရ သုတေသနနှင့်သတင်းအချက်အလက် ဌာနခွဲကို ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါဌာနခွဲ၏ လုပ်ဆောင်ချက်များမှာ
မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ
အစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်(၄/၂၀၁၃)အရပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးလုပ်ငန်းလက်အောက်ရှိစာပေစိစစ်ရေးနှင့် မှတ်ပုံတင် ရေးဌာနခွဲကို မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲအဖြစ် အမည်ပြောင်းလဲခေါ်ဝေါ်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး လက်အောက်သို့ ပြောင်းရွှေ့ခဲ့ပါသည်။ အဆိုပါဌာနခွဲ၏ လုပ်ဆောင် ချက်များမှာ
ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ
၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့၊ အစိုးရအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက် အမှတ် (၂/၂၀၁၅) အရ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲကိုဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ ဌာနခွဲ၏ လုပ်ဆောင်ချက်များမှာ
ရည်ရွယ်ချက်
၈။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
ရည်မှန်းချက်
၉။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရည်မှန်းချက်မှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-
မူဝါဒ
၁၀။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ မူဝါဒမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-