တောင်ကြီး မတ် ၂၆ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အကြို အသိပညာပေးဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန ရှိ သင်တန်းခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်း က တပ်မတော်နေ့အကြောင်းသိကောင်းစရာများနှင့် ဉာဏစွမ်းရည် ပြိုင်ပွဲများ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ အစည်းအဝေးခန်းမ တွင် စာရေးဆရာမ ငွေခြည်လင်းလက်(မြန်မာစာ)၏ အတွေးစာစီကဗျာပန်းချီစာအုပ်ဖြင့် စာဖတ်ဝိုင်းကို မေ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ရွှေရွှေမြင့် က စာဖတ်ဝိုင်း ပြုလုပ်ရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး