တောင်ကြီးမြို့၊လူထုအခြေပြုဗဟိုဌာန(Community Centre)၌နွေရာသီသင်တန်းများဖွင့်လှစ်

0 Comments

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် နွေရာသီကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ်စကားပြော၊ ကိုရီးယားစကားပြော၊ စစ်တုရင်နှင့် ပန်းချီသင်တန်းဖွင့်ပွဲကို မတ်(၁၃)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယနေ့လူထုအခြေပြု ဗဟိုဌာန (Community Centre Taunggyi) တွင် လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက်သင်တန်းဖွင့်လှစ်ပေးခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ အရေးအကြီးဆုံးအရင်းအမြစ်ဖြစ်သည့်လူ့ စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်လေ့ကျင့်ပျိုးထောင်ပေး ဖြစ်ပါကြောင်း၊ Community Centre သည်အများပြည်သူများ အနေဖြင့် အသိပညာဗဟုသုတများ၊ သတင်းအချက် အလက်များကိုအလွယ်တကူလာရောက် ရှာမှီးနိုင်သည့် နေရာတစ်ခုဖြစ်သလို လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အတွက် သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ပြိုင်ပွဲများ၊ အသိပညာပေးပြပွဲများ လာရောက်ဆောင်ရွက် နိုင်သည့်နေရာတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဥ်များ၌လူငယ်များအနေဖြင့် အဓိကစွမ်းအားစုများအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး ဆိုပြီးလူငယ်ကဏ္ဍကို အလေးထား ထည့်သွင်းချမှတ် ထားပါကြောင်း၊ ယနေ့ လူုအခြေပြုဗဟို ဌာနတွင်နွေရာသီကာလအတွင်း ဖွင့်လှစ်သည့် သင်တန်းများကို တက်ရောက်ကြမည့် သင်တန်းသား၊သင်တန်းသူများ အနေဖြင့်  သင်တန်းများကိုအချိန်မှန်မှန် တက်ရောက်ပေးကြရန်နှင့် သင်တန်းမှ သင်ကြားပေးမည့် ဘာသာရပ်များကိုစိတ်ပါဝင်စားစွာ ကြိုးစားလေ့လာသင်ယူကြရန် ပြောကြားသည်။

ဆက်လက်၍ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးညွန့်ရွှေကသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြပြီးနွေရာသီသင်တန်းများအတွက် ထောက်ပံ့ငွေများနှင့် စစ်တုရင်သင်တန်းအတွက်
သင်ထောက်ကူပစ္စည်းများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပေးအပ်ရာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးညွန့်ရွှေမှလက်ခံရယူပြီး ပန်းချီသင်တန်းအတွက် သင်ထောက်ကူပစ္စည်းများကိုပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က ပေးအပ်ရာ ခရိုင်ဦးစီမှူးဦးနိုင်ဝင်းထွန်းမှ လက်ခံရယူကြသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လူထုအခြေပြုဗဟိုဌာန Community Centre)ရှိဟင်းလင်းပြင် အားကစားနေရာတွင် လူငယ်များလေ့ကျင့် ကစားနေမှု၊ ဂျင်အားကစားခန်းမတွင်လူငယ်လူရွယ်များ ကစားနေမှု၊ သင်တန်းခန်းမတွင် အင်္ဂလိပ်ဘာသာရပ် သင်ကြားနေမှု၊ကွန်ပျူတာဘာသာရပ် သင်ကြားနေမှု စာကြည့်တိုက်ခန်းမနှင့် ကလေးများ ရောင်စုံပန်းချီဆေးရောင်ခြယ်နေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။

Categories:

Leave a Reply

Your email address will not be published. Required fields are marked *