တောင်ကြီး မတ် ၂၀
ရှမ်းပြည်နယ်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်တာဝန်ထမ်းဆောင်နေသော အရာထမ်း ၊ အမှုထမ်းများနှင့်နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိအစည်းအဝေးခန်းမတွင် Virtual System စနစ်ဖြင်
ယနေ့ မွန်းလွဲ (၁)နာရီ က ကျင်းပ ဆွေးနွေးခဲ့သည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ အခန်း(၁၉) ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်များကို ရှမ်းပြည်နယ်ရုံးမှညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေကလည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှဌေး က အခန်း(၁၄) ပုဒ်မ ၁၆၀ ကို လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးမောင် က အခန်း(၁၅) ပုဒ်မ ၁၆၁၊ ၁၆၂ ကိုလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက အခန်း(၁၅) ပုဒ်မ ၁၆၃ တို့အား ဦးဆောင်ဆွေးနွေးခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းသို့ ရှမ်းပြည်နယ် အတွင်းရှိ ခရိုင်၊ မြို့နယ်နှင့်မြို့ရုံးများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပြီး နိုင်ငံ့ဝန်ထမ်းနည်းဥပဒေစာအုပ်ထဲမှဆွေးနွေးချက်များအပေါ် ဝန်ထမ်းများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ရာ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများကပြန်လည် ဆွေးနွေးခဲ့ကြသည်။






