မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့ ပူဇော်ပွဲအခမ်းအနားကျင်းပ တောင်ကြီး မတ် ၂၄

0 Comments

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ၁၃၈၅ ခု တပေါင်းလပြည့်နေ့၊ မြန်မာ့တိုင်းရင်းဆေး သမားတော်များနေ့အထိမ်းအမှတ် တိုင်းရင်းဆေး ဆရာကြီးများအား ပူဇော်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြန်မာတိုင်းရင်းဆေးဆရာအသင်း(ရှမ်းပြည်နယ်) ဥက္ကဋ္ဌ ဦးအေးကိုက အဖွင့်အမှာစကားပြောကြားရာတွင် ပထမဆုံးသော သမားတော်နေ့ကို တိုင်းရင်းဆေးပညာရှင်များ အဖွဲ့ စတင်ဖွဲ့စည်းခဲ့သည် ၁၃၁၄ ခု၊ ပြာသိုလပြည့် ကျော် ၁၃ ရက်ကို သမားတော်များနေ့အဖြစ် သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပရမတ္တအလင်းပြအဖွဲ့ဆရာကြီးများ၊ သဘာဝဓမ္မ ဆရာကြီးများ၊ အာယုဗ္ဗေဒဆရာကြီးများစုပေါင်းတိုင်ပင်၍ မြန်မာတိုင်းရင်းဆေးပညာ၏ အဓိက အပူ၊ အအေးနှင့် သက်ဆိုင်သော နေလ နှစ်ပါးဆုံသည့်နေ့ တပေါင်းလပြည့်နေ့ကို တိုင်းရင်းဆေး သမားတော်များနေ့အဖြစ် ပြင်ဆင်သတ်မှတ်ခဲ့ပါကြောင်း၊ ထို့နေ့တွင် ခေတ်အဆက်ဆက် လက် ဆင့်ကမ်းပေးဝေခဲ့သော တိုင်းရင်းဆေးသမားတော်ကြီးများ၏ ပညာဂုဏ်၊ စေတနာ မေတ္တာ ဂရုဏာ ကျေးဇူးများကို အောက်နေ့တသရိုသေစွာဂါရဝပြုကြသည့်အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ ထိုကဲ့သို့ ကောင်းမွန်သော အလေ့အကျင့်ကို ဆက်လက်ထိန်းသိမ်းသွားစေလိုပါကြောင်းနှင့် အားလုံး အနာရောဂါကင်းဝေး၍ ကျန်းမာကြပါစေဟု ဆုတောင်းမေတ္တာပို့သပါကြောင်း ပြောကြားပါသည်။
ထို့နောက် တိုင်းရင်းဆေးသမားတော်များအား ဩကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ ကြရာ ဆရာကြီးများက ဩဝဒဆုပေးစကားပြောကြားခဲ့ကြောင်းနှင့် ကန်တော့ခံဆရာကြီးများအား လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

Categories:

Leave a Reply

Your email address will not be published. Required fields are marked *